Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Saturday, December 28, 2013

၂၁ အလွမ်း


sung_yu_ri_050041ilb                                      
သိပ်‌ သည်းတဲ့ လေထုထဲ

တွဲခိုနေတဲ့ အအေးဒဏ်

ဟေမာန်ဆန်လွန်းလို့ ခက်နေတယ်

အင်း…..ဒီဇင်ဘာ မာနကလဲ

အထက်စီးကပဲလေ

မင်းအလုပ် မင်းလုပ်ပါ

ငါ အရှုံးပေးလဲ မင်းပြုံးမယ်တောင် မထင်ပါဘူး

သေလောက်အောင်ချမ်းစမ်းပါ twenty firstရယ်။။

ကျဆုံးမှုကို ဖော်ကျူးတဲ့  lyrics တွေ

ငါ အခန်းထဲ ပျံ့ လွင့်နေတဲ့ ည….

အိုကေပါတယ် ပြောရင်း

ညကိုကျော်ဖို့  ကြိုးစားနေတုန်း

ငိုမဲ့မဲ့ နဲ့  ပြောတယ်

“သူအန်ချင်လို့ ”တဲ့

“မင်းကွာ ငါလုံအောင် ခြုံပေးထားရက် နဲ “့

ဒီလိုနဲ့ ပဲ နှလုံးသားကိုနှစ်သိမ့် ဖို့ 

ညရဲ့တ၀က်ကျော်ကျော်ကို

တစ်စုံတစ်ယောက် ပုံရိပ်အောက်

မှောက်ချလိုက်တာ

အလွမ်းသံစဉ်တွေတောင် တိုးတိတ်သွားတယ်ထင်ပါ ရဲ့ ။။

ခက်ပါလားဟ

ဘ၀ဆိုတာတွေတွေးနေပြီးမှ

ဒီရေသင်ခန်းစာတွေ နားလည်ပြီးမှ

ဆန္ဒဆိုတာတွေ ချင့်ချိန်ပြီးမှ

တစ်ပတ်လည်ခဲ့တာလား….

ထိုည

ထိုအချိန်

(သူမပြောသလို)

တိတိကျကျလေးကျေကွဲနေရပြန်ရော။။

တောက်ပတဲ့  မာကျူရီည

အပြင်ဘက်က

ဟိုင်းဝေးလမ်းမတွေထက်

အသက်၀၀ ရှူချင်တယ်

ဒီရာသီ

အေးမြမှုတွေ ပါလာကောင်းရဲ့ဆိုတဲ့ 

သိမ်သိမ်နုတ်နုတ် အတွေးလေးနဲ့ ပေါ့

ဒါပေမဲ့ 

တစ်နေရာရာမှာတော့

အော်မေးဖြစ်မှာပါ

နင်ငါ့ကို…………………………………………… ။။

ပြာ လွင်နေတဲ့ ဆေးစက်ချလဲ

ငြိမ်းချမ်းမှု ရဲ့  ကျဆုံးခန်းက

ထန်းလက်တောင် မကာနိုင်ရှာဘူး၊

ငါရင်ထဲက အ၀ါရောင်လွန်ကဲမှုတွေကြောင့်နေမှာပဲ

ဆောင်းညရေ..

ပုံမှန်ခြင်း မျက်နှာဖုံးနဲ့ 

မနက်ဖြန်တွေဆက်ရမှာပင်ပန်းတယ်။။

သံတွေ

အပြုံးတွေ

ဟန်ကျပန်ကျ အတုလုပ်ထားလို့ ရရင်ကောင်းမယ်

အင်းမတတ်နိုင်ဘူး ဆောင်းရယ်

ငါ့ရင်ထဲက အပူရှိန်တွေကို

အေးမြအောင်မစွမ်းနိုင်လို့ 

အားမနာပါနဲ့ 

မင်းက ထာဝရ ရှင်သန်သူ

ငါက သဘာဝလွန်ဆန်သူလေ။ ။

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...